ဘုရားသခင်/အတွက် အသက်ရှင်ခြင်း
4
ခရစ်တော်/သည် ကိုယ်ခန္ဓာ/၏/ဆင်းရဲဒုက္ခ/ကို ခံစားခဲ့ရ/သောကြောင့် သင်တို့/သည်လည်း ခရစ်တော်/ကဲ့သို့သော သဘောထား/ဖြင့် ဆင်းရဲဒုက္ခ/ကို ရင်ဆိုင်/ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ/၏/ဆင်းရဲဒုက္ခ/ကို ခံစားရသော/သူတို့/သည် အပြစ်/မကျူးလွန်တော့/ရန် ဆုံးဖြတ်ထား/သောကြောင့်/ဖြစ်၏။ 2 ဤသည်/မှာ လောက/တွင် အသက်ရှင်/နေထိုင်ရမည့်/ကျန်ရှိသော/အချိန်/၌ လူ့/တပ်မက်မှု/အတိုင်း မဟုတ်ဘဲ ဘုရားသခင်/၏ အလိုတော်/အတိုင်း အသက်ရှင်/နေထိုင်သွား/နိုင်ရန်/ဖြစ်၏။ 3 အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ဘုရားသခင်/ကို မကိုးကွယ်သော/သူများ/ကဲ့သို့ ကိလေသာ/လွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်/ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရား/နှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်း/တို့/ကို ပြုမူ/၍ အချိန်/အတန်ကြာ နေထိုင်ခဲ့/သောကြောင့်/ဖြစ်၏။ 4 ယခု/တွင် သင်တို့/သည် ထို/သူတို့/နှင့်အတူ အထိန်းအကွပ်မဲ့/အပျော်ကြူးခြင်းတို့/၌ မပါဝင်တော့/သောကြောင့် သူတို့/သည် အံ့သြ/လျက် သင်တို့/ကို စော်ကား/ပြောဆိုကြ၏။ 5 ထို/သူတို့/သည် အသက်/ရှင်သော/သူ/နှင့် သေသော/သူတို့/ကို တရားစီရင်/ရန် အသင့်/ရှိတော်မူသော ဘုရားသခင်/ထံ/၌ ဖြေရှင်းချက်/ပေးရ/လိမ့်မည်။ 6 အဘယ်ကြောင့်ဆိုသော် သေလွန်သော/သူတို့/သည် သတင်းကောင်း/ကို ကြားခဲ့ရ/သောကြောင့်/ဖြစ်၏။ သူတို့/၏/ကိုယ်ခန္ဓာ/သည် လူ့/စံနှုန်း/အားဖြင့် တရားစီရင်/ခံရ/သော်လည်း သူတို့/၏/ဝိညာဉ်/သည် ဘုရားသခင့်/စံနှုန်း/အားဖြင့် အသက်ရှင်/နိုင်ရန်/ရည်ရွယ်/၍ သေလွန်သော/သူတို့/ကိုပင် သတင်းကောင်း/ဟောပြောရ၏။
ဘုရားသခင်/၏ ဆုကျေးဇူး/ကို ကောင်းစွာ စီမံခန့်ခွဲသူ
7 အရာ/အားလုံး/၏ နောက်ဆုံးချိန်/သည် နီးကပ်လာ/သောကြောင့် ဆုတောင်း/နိုင်ရန်/အတွက် မိမိတို့/စိတ်/ကို ချုပ်တည်း/လျက် သတိ/ရှိကြလော့။ 8 အရေးကြီးဆုံး/အရာ/မှာ အချင်းချင်း/နှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ/သည် အပြစ်/များစွာ/ကို ဖုံးအုပ်တတ်/သောကြောင့်/ဖြစ်၏။ 9 မညည်းညူဘဲ အချင်းချင်း/ဧည့်ဝတ်/ပြုကြလော့။
10 သင်တို့/တစ်ဦးစီ/သည် ဘုရားသခင်/ထံမှ ဆုကျေးဇူး/အသီးသီး/ကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်း/အဖြစ် ထို/ဆုကျေးဇူးတို့/ကို အသုံးပြု/၍ အချင်းချင်း ကူညီ/ဆောင်ရွက်ကြလော့။ 11 ဟောပြောသောသူ/သည် ဘုရားသခင်/၏/နှုတ်ကပတ်တော်/အတိုင်း ဟောပြော/ရမည်။ အစေခံသောသူ/သည် ဘုရားသခင်/ပေးတော်မူသော ခွန်အား/ရှိသည့်/အတိုင်း အစေခံ/ရမည်။ ဤသည်/မှာ ပြုလေသမျှတို့/၌ ယေရှု/ခရစ်တော်/အားဖြင့် ဘုရားသခင်/ဘုန်းတော်/ထင်ရှား/ရန်/ဖြစ်၏။ ဘုရားသခင်/သည် အစဉ်/ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်/တို့/နှင့် ပြည့်စုံတော်မူ၏။ အာမင်။
ခရစ်ယာန်/ဖြစ်ခြင်း/အတွက် ဆင်းရဲဒုက္ခ/ခံရခြင်း
12 ချစ်ရသော/သူတို့… သင်တို့/ကို စမ်းသပ်/ရန်/အတွက် ယခု/သင်တို့/ကြီးမားသော/ဆင်းရဲဒုက္ခ/ခံရသည်/ကို ထူးဆန်းသည့်/အရာ/ဖြစ်ပျက်နေသည်/ဟူ၍ ထင်မှတ်/ကာ မအံ့ဩကြနှင့်။ 13 ခရစ်တော်/၏ ဆင်းရဲဒုက္ခ/ကို မျှဝေ/ခံစားကြရသည့်/အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်/၏ ဘုန်းတော်/ထင်ရှား/သောအခါ သင်တို့/အလွန်/ဝမ်းမြောက်ရ/လိမ့်မည်။
14 သင်တို့/သည် ခရစ်တော်/၏/တပည့်တော်များ/ဖြစ်/သောကြောင့် ကဲ့ရဲ့ခံရ/လျှင် မင်္ဂလာ/ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/၏ ဘုန်းကြီးသော/ဝိညာဉ်တော်/သည် သင်တို့/၌ ကိန်းဝပ်တော်မူ/သောကြောင့်/ဖြစ်၏။ 15 သင်တို့ ဆင်းရဲဒုက္ခ/ခံရ/လျှင်ပင် မည်သူ/မျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါး/အမှု/၌ စွက်ဖက်မှုတို့/ကြောင့် ဆင်းရဲဒုက္ခ/ခံရခြင်း မဖြစ်စေနှင့်။ 16 သင်တို့/သည် ခရစ်ယာန်/ဖြစ်သောကြောင့် ဆင်းရဲဒုက္ခ/ခံရ/လျှင် မရှက်ကြောက်ဘဲ ခရစ်ယာန်/ဖြစ်ခြင်း/အတွက် ဘုရားသခင်/၏/ဘုန်းတော်/ကို ချီးမွမ်းလော့။ 17 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/၏/အိမ်တော်သားတို့/ကို ဦးစွာ တရားစီရင်မည့်/အချိန်/ရောက်လာ/သောကြောင့်/ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့/ကို ဦးစွာ တရားစီရင်/လျှင် ဘုရားသခင်/၏ သတင်းကောင်း/ကို မနာခံသော/သူတို့/၏ အဆုံးသတ်/သည် မည်သို့/ဖြစ်မည်နည်း။ 18 ထို့ပြင် ကျမ်းစာ/၌
“ဖြောင့်မတ်သောသူ/ပင် ကယ်တင်ခံရ/ရန် ခက်ခဲ/လျှင်
ဘုရားတရားမဲ့သူတို့/နှင့် အပြစ်သားတို့/သည် မည်သို့/ဖြစ်မည်နည်း”a
ဟု ဖော်ပြထား၏။
19 ထို့ကြောင့် ဘုရားသခင်/၏ အလိုတော်/အရ ဆင်းရဲဒုက္ခ/ခံရသော/သူတို့/သည် မိမိတို့/၏ စိတ်ဝိညာဉ်/ကို သစ္စာရှိသော/ဖန်ဆင်းရှင်/ထံ အပ်နှံ/ပြီး ကောင်းမှု/ကို ဆက်/၍/ပြုသင့်၏။